ရောဂါပိုးသတ်ဆေး (Antiseptic)
  
Translated

နာမ်စား ။       ရောဂါပိုးမွှားများ ရှင်သန်ကြီးထွားမှုကို ဖျက်ဆီးသော (သို့) တားဆီးသော အရာဝတ္ထုပစ္စည်းကို ခေါ်သည် ။ သို့သော် လူ၏ တစ်ရှုးများကို အန္တရာယ်မဖြစ်စေနိုင်ပါ ။

 

အသုံးများသည့် ရောဂါပိုးသတ်ဆေးများမှာ အရက်ပြန် ၊ ဒက်တော (Dettol) နှင့် အိုင်အိုဒင်း (ဥပမာ Betadine ) တို့ဖြစ်ကြသည် ။

 

ရောဂါပိုးသတ်ဆေးများကို ရှေ့ဦးသူနာပြု ဆေးသေတ္တာများထဲတွင် အလွယ်တကူရရှိနိုင်ပါသည် ။ သင့်အနေဖြင့် ထိခိုက်ပြတ်ရှနာ (သို့) အနာတစ်ခုဖြစ်လာပါက ၊ ၎င်းအနာအား ပုံမှန် ဆားရည် (သို့) ရေ ဘိုင်ဘုံမှ ရသည့်ရေတို့ဖြင့်  ဆေးကြောသန့်ရှင်းပါ ၊ ထို့နောက် အရက်ပြန်ကဲ့သို့သော ရောဂါပိုးသတ်ဆေးအား အနာပေါ်သို့ သုတ်လိမ်းပေးရမည် ။

 

ကြိယာဝိသေသန -

ရောဂါပိုးမွှားများ ရှင်သန်ကြီးထွားမှုကို ဖျက်ဆီးသော (သို့) တားဆီးသော အာနိသင်ရှိပြီး လူသား၏ တစ်ရှူးကို အန္တရာယ်မဖြစ်စေနိုင်ပေ။

 

ရောဂါပိုးမွှားသတ်ဆေး ခရင်(မ်) ၊ (လိမ်းဆေးများ) ကို ဆေးနှင့်ဆေးပစ္စည်း   အရောင်းဆိုင်များတွင်  ဝယ်ယူရရှိနိုင်ပါ သည် ။

ပဋိဇီဝဆေး (သို့) ရှေ့ဦးသူနာပြု လိမ်းဆေးများဟုလည်း သိရှိကြသည် ။

 

ငှက်တုပ်ကွေး ဖြစ်ပွားပေါ်ပေါက်နေစဉ်အတွင်း တာဝန်ရှိသူများအနေဖြင့် စောင့်ကြည့်နေရန်လိုအပ်ပြီး  ရောဂါကူးစက်မှုဖြစ်ပွားနေသည့် နေရာအား ရောဂါပိုးမွှားသတ်ဆေး ဖျန်းခြင်းကို တစ်နေ့လျှင်နှစ်ကြိမ်မှ သုံးကြိမ်အထိ ဆောင်ရွက်ကြသည် ။

 

အဓိပ္ပါယ်တူ စကားလုံး ။  ရောဂါပိုးမွှားသတ်ဆေးများ (Disinfectants)

 

နာမ်စား ။   antiseptic  စကားလုံး၏ ဆင်တူရိုးကွဲ

 

Learning point

ပဋိဇီဝဆေးနှင့် ရောဂါပိုးမွှားသတ်ဆေး၏ ကွာခြားချက်များမှာ အဘယ်နည်း ။

 

ပဋိဇီဝဆေးများကဲ့သို့ မဟုတ်ပဲ ရောဂါပိုးမွှားသတ်ဆေးများသည် သေးငယ်သော ပိုးမွှားများဖြစ်သည့် ဗိုင်းရပ်စ်ပိုးနှင့် မှိုရောဂါပိုးများ အပေါ်တွင်လည်း ထိရောက်မှုရှိစေသည် ။ အခြားရောဂါပိုးမွှားကူးစက်မှုများကို တားဆီးတိုက်ခိုက်ရာ တွင်လည်း  ကောင်းကျိုးများ ဖြစ်စေနိုင်သည်။ ကျွန်ပ်တို့ခန္ဓာကိုယ်အတွင်းရှိ ဘက်တီးရီးယားရောဂါပိုးများ ကို သတ်ရန်အတွက် ပဋိဇီဝဆေးများ သောက်သုံးခြင်း (သို့) သွေးကြောထဲသို့ ထိုးခြင်းတို့ပြုလုပ်နိုင်သည် ။ သို့သော်လည်း ရောဂါပိုးမွှားသတ်ဆေး များကို မိမိတို့ခန္ဓာကိုယ်ပေါ်ရှိ ထိခိုက်ဒဏ်ရာအနာများမှ ဘက်တီးရီးယားပိုးများ အားသတ်ရန်အတွက်သာ အသုံးပြုနိုင်သည်။

 

 

ရောဂါပိုးသတ်ဆေး

ပဋိဇီဝဆေး

 

အရေပြားအပေါ်၌သာ အသုံးပြုသည် ။

ဥပမာ ။    အနာ ၊ ခြစ်ရာများ (သို့) ပြတ်ရှဒဏ်ရာများ

 

 

ပါးစပ်မှသောက်သုံးခြင်း (သို့)သွေးကြောအတွင်းသို့

ဆေးထိုးနိုင်သည် ။

 

လူသိများသည့် ရောဂါပိုးမွှားသတ်ဆေး အမျိုးအစားအချို့မှာ၊

အရက်ပြန် ပိုးမွှားအမျိုးမျိုးအပေါ်တွင် ထိရောက်မှုရှိသည်။        ပိုးမွှားများအား အကောင်းဆုံးသတ်နိုင်ရန်  ရေရော ၍ အသုံး  ပြုနိုင်သည် ။

 

လူသိများသည့် ပဋိဇီဝဆေးအမျိုးအစားအချို့မှာ

ပင်နဆလင် ဆေးအုပ်စု (Penicillin Group)

အဖြစ်များသည့် ဘက်တီးရီးယားရောဂါကူးစက်မှုများ

ဖြစ်သော ဘက်တီးရီးယားအဆုတ်ရောင်ရောဂါ (သို့)

ဘက်တီးရီးယားကြောင့်ဖြစ်သော လည်ပင်းနာခြင်းတို့၌

အသုံးပြုသည်။ Amoxicillin.

 

 

Povidone အိုင်အိုးဒင်းဆေးရည် -

မခွဲစိတ်မှီ မိုးမွှားသန့်စင်ရာတွင် သုံးသည် ၊ အနာများ (သို့) ခြစ်ရာကုပ်ရာများ  (ဥပမာ - Betadine )

 

 

ကက်ဖလိုစပိုရင် (Cephalosporin )

အရေပြားရောဂါများနှင့် ဆီးသွားလမ်းကြောင်းအတွင်း ရောဂါပိုးဝင်ရောက်ခြင်းတို့တွင် အသုံးပြုသော Cephalaxin .

 

 

ဟိုက်ဒရောဂျင်ပါအောက်ဆိုဒ် -

ထိခိုက်ဒဏ်ရာ(သို့) ပြည်တည်နာများအား သန့်ရှင်းစေရန်နှင့် အနံ့ဆိုးများ ဖယ်ရှားစေရန်တို့အတွက် အသုံးပြုသည် ။ ခြစ်ရာကုပ်ရာများအတွက် ရှေးဦးပြုစုရာတွင်လည်းသုံးသည် ။

 

 

ဖလိုရီကွီနိုလုံး (Floroquinolones)

ဘက်တီရီးယား ပိုးကြောင့် ဖြစ်သော ရုတ်တရက် ဝမ်းပျက် ဝမ်းလျောခြင်းတွင် သုံးသည့် Norfloxacin.

 

ဘိုးရစ်အက်စစ် (Boric acid )-

မျက်လုံးအိမ်ဆေးကြောရာတွင် သုံးသည် ။ မီးလောင်ဒဏ်ရာများ တွင်လည်း လိမ်းဆေး(ခရင်မ်) အနေဖြင့် အသုံးပြုနိုင်သည် ။

 

 

 

ရောဂါပိုးမွှားသတ်ဆေးယဉ်ပါးမှုမှာ အဖြစ်နည်းသည် ။

 

 

ပဋိဇီဝဆေး ယဉ်ပါးမှုမှာ အဖြစ်များသည် ။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Related words.
Word of the month
New word
ဒေါင်းလုပ်

တစျခုလုံးကို AMR အဘိဓါန် Download ဒီမှာ